ကိုယ်ကျိုးစီးပွားမကြည့်ပဲ..အများအတွက်အကျိုးဆောင်ပါ..

ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြှောက်ရေးတပ်ခေါ် (က.လ.လ.တ)သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်ခတ်ရပ်ယူခဲ့သည်။ ယနေ့ထိ ၁၅ နှစ်ကြာ အပစ်ခတ်ရပ်ယူထားသော်လည်း ပြည်တွင်း တွင် တစုံတရာ ဖြစ်ပေါ်တိုးတက်မှုမရှိပဲ စစ်အစိုးရ၏ မတရားအခွန်ကောက်ယူမှု၊ လယ်ယာများသိမ်းဆီးမှု၊ အတင်းအဓ္ဓမ အလုပ်စေခိုင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်အနည်းနဲ့အများ ပြည်သူလူထု အခက်ကြုံတွေ့နေရဆဲဖြစ်သည်။ ကရင်နီပြည် ဒေသတွင်းအသီးသီး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အပစ်ခတ်ရပ်ယူထားသော အဖွဲ့အစည်းများအနေဖြင့် အခွင့်ကောင်းယူပြီး မိမိတို့၏ ပြည်သူလူထုအတွက် အများအကျိုး ဆောင်ပေးရန်လိုအပ်ပါသည်။ ကိုယ်ကျိုး စီးပွားမရှာပဲ မိမိတိုင်းပြည်ကိုချစ်မြတ်နိုးသကဲ့သို့ ကရင်နီပြည်သူတစ်ရပ်လုံး၏ ဘ၀လုံခြုံမှုအတွက် နှင့် အနာဂါတ် ကရင်နီပြည်တည်တံ့ခိုင်မာလာစေ ရေးအတွက် စေတနာအ၀အ၀နှင့် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
စစ်အစိုးရ၏ ၂၀၁၀ တရားဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အပစ်ခတ်ရပ်ယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းများအားလုံး ၎င်းတို့၏ တပ်သားများကို နယ်ခြားစောင့်အဖြစ် အသွင်းကူးပြောင်းရေး နှင့် မိမိ တို့၏ ပါတီကိုထူထောင်ပြီး တရာဝင်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ရာ ကမ်းလှမ်းနေပါသည်။ ၎င်းကိစ္စနှင့်ပါတ်သက်ပြီး.. ကရင်နီပြည်တွင်း စစ်အစိုးရနှင့် အပစ်ခတ်ရပ်ယူထားသော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြှောက်ရေးတပ် (က.လ.လ.တ) သည် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို သဘောတူ လက်ခံလိုက်ပြီဟု သတင်းကြားသိရပါသည်။
ထိုသို့ နယ်ခြားစောင့်တပ်အဖြင့် အသွင်ကူးပြောင်းလာပါက.. ကရင်နီပြည်သူလူထုတစ်ရပ်လုံး၏ ..ရေရှည်အကျိုးစီးပွားအတွက် ဘာများဖြစ်ပေါ်လာမလဲ…ဘာများလုပ်ပေးနိုင်မလဲ အခွင့်အရေးပိုပြီး ရလာမှာလား..တိုင်းပြည်ပိုပြီးဖွံ့ဖြိုးတိုးတက်လာမှာလား သို့မဟုတ် ပိုကျပ်တည်းလာမှာလား…စသည်ဖြင့် ကြိုမသိနိုင်တဲ့ ကံကြမ္မာဆိုးတွေ အလွန်စိတ်မချမ်းမြင့်ဖွယ်ရာများ ဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဖွဲစည်းပုံအောက်တွေ နေချိန်အတွင်း ရသမျှအခွင့်အရေးကို အသုံးချပြီး ..အမိကရင်နီပြည် တိုးတက်ကောင်းမွန်လာစေရေးအတွက် အများအတွက်အကျိုးဆောင်စေလိုပါကြောင်း……..

0 Comments: