ချစ်သူရယ်

မင်းကိုချစ်တယ် နောက်ဆုံးထွက်ထိပေါ့

မဖြစ်နိုင်မှန်း သိပေမယ့်

နင့်အတွက် ငါရူးနေတာပဲ

ဝေဒနာတွေ ပုံသွင်းပြီး

အလွမ်းနေ့ရက်ရှည်ကို နေ့စဉ်ရက်စက်

နင့်ဆီက အချစ်တွေ မျှော်လင့်အုံးမှာပါ၊

မင်းယုံအောင်ပြောချင်တယ်

မင်းနဲနေချင်တယ်

မချစ်ဖူးသေးတဲ့

ငါ့နှလုံးသား

နှောင်ဖွဲ့ထားခဲ့

မင်းကို ကြိုးများနဲ့ ချည်နှောင်ခဲ့တယ်လို့

မထင်လိုက်ပါနဲ့။

ဆက်ဖတ်ရန်...

ဇတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမယ့်

အကောင့်များစွာဖွင့်ပြီး

နေရာအနှံ့

၁၅၀၀ လွင့်နေတဲ့ ကောင်မလေးရေ၊

နင့်အလိုဆန္ဒ ရှေ့နောက်မညီသရွှေ့

ငါ့ကတိတွေလည်း ရှေ့နောက်ညီမှာ မဟုတ်ဘူး။

ငါ့ဘ၀လေငယ်မှာ ရွက်တပ်ဖို့

မ၀ံ့မရဲ စောင့်နေရတဲ့ သူပါ။

ညပေါင်းတစ်သောင်းကျော် စောင့်တာတောင်

ငါမျှော်နေတဲ့ လမင်းက

အခုထိ မသာသေးဘူး။

ခြေလှမ်းတလှမ်း လှမ်းလိုက်တိုင်း

အထီးကျန်မှုတွေက

ငါ့နောက် တကောက်ကောက်လိုက်နေတယ်။

ဘ၀လို့ သိလိုက်ရတဲ့အချိန်မှာ

အသက်တ၀က်ကျော် ချိုးသွားပြီ။

ဆက်ဖတ်ရန်...