ကယန်းလူငယ်ခေါင်းဆောင် သုံးဦး ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ကရင်နီတိုင်းရင်းသားမျိုးဆက်သစ်လူငယ်များကို ခြိမ်းခြောက်နေ...

ပြည်ထောင်စုမပြိုကွဲရေးဟု စစ်အစိုးရအမြဲသုံးနေကျ စကားလုံးသည်
အပေါ်ရံအားဖြင့်သော်လည်းကောင်း၊ စစ်အစိုးရအာဏာ တည်မြဲရေးကိုသော်လည်းကောင်း အများပြည်သူအာ ရုံစွဲလာအောင်ခြိမ်းခြောက်သည့် အခေါ်အဝေါ်တစ်ရပ်ဖြစ်သည်။ နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င်အသင်းဖွဲ့စည်းမှုနှင့် ပြည်ပရှိ တရား မ၀င်အသင်းအဖွဲ့နဲ့ဆက်သွယ်ခြင်း အမှုဖြင့် လွိုင်ကောင်ထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကာယန်းလူငယ် ခေါင်းဆောင် သုံးဦးဖြစ်တဲ့..ခွန်ဘီးဒူ တောင်ငူထောင်၊ ဒီးဒီကို မန္တလေးထောင် နှင့် ကေကောရီယိုကို မိတ္ထီလာထောင်တွေဆီ ဇွန်လိုင်လ ၄ ရက်နေ့တွေ ပြောင်းရွှေ့ထိန်းသိမ်းထားသည်ဟု ကြားသိရသည်။ ၎င်းစစ်အစိုးရ၏ လုပ်ရပ်သည် ကရင်နီတိုင်းရင်းသားမျိုးဆက်သစ်လူငယ်များကို ခြိမ်းခြောက်နေ ခြင်းဖြစ်သည်။ ယနေ့ခေတ်လူငယ်များ အတွေးအခေါ်မြင့်မားလာသည်နှင့်အမျှ တိုင်းရင်းသားလူငယ်များ ၏ စည်းလုံးညီညွတ် မှုကို စစ်အစိုးရးမနှစ်သက်၍ ဤကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။ စစ်အစိုးရ၏ မူဝါဒသည် တိုင်းရင်းသားများ၏စည်းလုံးညီညွတ်မှုကိုဖြိုခွဲရေး နှင့် နယ်မြေစိုးမိုးရေးကိုသာ အဓိက ထား၍ ဤကဲ့သို့ လက်နက်မဲ့ပြည်သူ မကြာခဏခြိမ်းခြောက်ခံနေရခြင်းဖြစ်သည်။

ဆက်ဖတ်ရန်...