ကရင်နီမျိုးနွယ်စုက...ဘယ်သူတွေလဲ.....

မြန်မာပြည်သည် ပြည်နယ်ခုနှစ်ပြည်နယ်ရှိသည့်အနက် ကရင်နီ(ကယား) ပြည်နယ်သည်အသေးငယ်ဆုံး နှင့် လူဦးရေအနည်း ဆုံးပြည်နယ်တစ်ပြည်နယ်ဖြစ်သည်။ ပြည်နယ်၏ ပထ၀ီအနေအထားအရ သေးငယ်သော်လည်း ထင်ရှားသော မျိုးနွယ်စုပေါင်းစုံဖြင့် စုစည်းထားသော ပြည်နယ်တစ်ပြည်နယ်ဖြစ်သည်ကို သိသိသာသာ တွေ့ရှိရပါ သည်။ ၎င်းပြည်နယ်ထဲတွင် နေထိုင်ကြသော ကရင်နီ မျိုးနွယ်စုများမှာ Karenni (kayah), Geko(Gaykho), Geba (Gaybar), Padaung/Kayan, Bres, Manu-Manaus (Manumanao), Yintale, Yinbaw, Bwe, Paku (Karen) Shan နှင့် Pa-O များတို့ဖြစ်ကြသည်။ သို့သော် Shan နှင့် Pa-O လူမျိုးစုများသည် ၁၈ ရာစုနှစ်နောက်ပိုင်း ရှမ်းပြည်နယ်တွင် အင်္ဂလိပ်ကိုယ်လိုနီ၏ အတင်းအဓမ္မအခွန်ကောက်ခံမှု ဒဏ်ကြောင့် ကရင်နီပြည်နယ်ထဲသို့ ထွက်ပြေးရောက်ရှိလာသော လူမျိုးစုများဖြစ်သည်။ ကရင်နီလူမျိုးစုများသည် ဘိုးဘွားဘီဘေမျိုးရိုးဆန်ဆန်ဖြင့် ခေတ်ဟောင်းဆန်သော ယဉ်ကျေးမှုဝတ်စုံများ ဓံလေ့ထုံးတမ်းအစဉ်းအလာ များရှိကြပြီး အခြားလူမျိုးများနှင့်မတူ တမူထူးဆန်းနေပါသည်။ အင်တာနက်ပေါ်မှ တချို့တင်ထားသော ကရင်နီ မျိုးနွယ်စုဓါတ်ပုံနှင့်တကွ သတင်းမှတ်တမ်းများ မှားယွင်းစွာဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ကရင်နီမျိုးနွယ်စုများဖြစ်သည့် ကယန်း(ပဒေါင်)၊ ကရင်နီ(ကယား) များတို့၏ ဓါတ်ပုံများကို ကရင် လူမျိုးများဟု ရေးသားဖော်ပြထားသည်။ ၎င်းဓါတ်ပုံနှင့် သတင်းအချက်အလက်များသည် ကရင်နီမိခင်အဖွဲ အစည်းများတင်ထားသောပုံမဟုတ်ပဲ နိုင်ငံခြားခရီးသွားများမှ ၎င်းတို့ကိုယ်တိုင်မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ၎င်း မှားယွင်းသော သတင်းမှတ်တမ်းများသည် လူမျိုးစု၏ ဂုဏ်သိက္ခာ နှင့် ယဉ်းကျေးမှုများကို ထိခိုက်စေပြီး သမိုင်းအဆက်ဆက်အမှားအယွင်းများသာမက မျိုးနွယ်စုပျောက်ကွယ် ခြင်း ပြဿနာများ ဖြစ်လာနိုင်ကြောင်း ကရင်နီမျိုးနွယ်စုများအား တင်ပြချင်ပါသည်။

0 Comments: