အပစ်ခတ်ရပ် နဂါးအဖွဲ့ လက်နက်များ သိမ်ဆည်းခံရ

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ခွဲထွက်သွားသည့် ကရင်နီအမျိုးသား ဒီမိုကရက်တစ် တပ်ဖွဲ့ KNDA (နဂါးအဖွဲ့)ကို မြန်မာစစ်အစိုးရ လက်အောက်ခံ ဖြစ်သည့် လွိုင်ကော် ဒကစအဖွဲ့မှ လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်ပြီး ၃ လခန့် ထောက်ပံ့ပေးမည်ဟု သတင်းများရရှိပါသည်။
လူဦးရေ ၆၀ ခန့်ရှိသည့် ကရင်နီအမျိုးသား ဒီမိုကရက်တစ်တပ်ဖွဲ့ KNDA (နဂါး)၏ လက်နက်ခဲယမ်းများကို ရပခတိုင်းမှူး၏ ညွန်ကြားချက်အရ လွိုင်ကော်ဒကစမှူး မျိုးဝင်းမှ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် သိမ်းဆည်းလိုက်ပါသည်။
လက်နက်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရသည့် နဂါးအဖွဲ့တွင် Army (စစ်တပ်)လှိုင်း နှင့် ပါတီလှိုင်းရှိပြီး ယခုလက်နက်များ သိမ်း ဆည်းခံလိုက်ရသည်မှာ Army လှိုင်းဖြစ် ပြီး ပါတီလှိုင်းကိုတော့ ဖျက်သိမ်းခြင်းမရှိသေးပေး။ သို့သော်လည်း လူဦးရေးနည်းသည့် အပြင် ဦးဆောင်သူမှာလဲ တစ်ဖွဲ့တည်းဖြစ်သည့် အတွက် ပါတီလှိုင်းပါအလို အလျောက်ပျက်ပြယ်သွားနိုင်သည်ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မ ဌာနမှ တာဝန်ရှိသူ ခူဒယ်နီယာယ်က ဆိုပါသည်။
မြန်မာစစ်အစိုးရများသည် ၎င်းတို့၏ လမ်းပြမြေပုံ ၇ ချက်အတိုင်း ၂၀၁၀ရွေးကောက် ပွဲဝင်နိင်ရန်အတွက် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများကို တရားဝင်ပါတီ အဖြစ်ရွေးကောက်ပွဲဝင်နိုင်ရန် ဖိအားများပေးခြင်း၊ လက်နက်များသိမ်းဆည်းခြင်းများ ပြုလုပ် နေပါသည်။ပြီးခဲ့သည့်သဂုတ်လ ၄ရက်နေ့တွင်လည်း ရှမ်းပြည်လူမျိုးပေါင်စုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အား စစ်အစိုးရက လက်နက်များသိမ်းဆည်းလိုက်ပါသည်။

0 Comments: