တတိယနိုင်ငံနှင့် အမေရိကရောက် ကရင်နီဒုက္ခသည်တစ်ဦး

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်မှစပြီးတော့ UNHCR ရဲ့သဘောတူညီချက်အရ တတိယနိုင်ငံသို့ သွားရောက်အချ လိုကြတဲ့ ကရင်နီမိသားစုဝင်တွင် ထောင်သောင်းနဲ့ချီပြီး ဒုက္ခသည်စခန်းထဲမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကိုသွားပြီးတော့ လျှောက်လွှာသွားဖြည့်ကြပါတယ်။ တတိယနိုင်ငံသို့သွားရောက်အခြေချ နိုင်ဖို့ဆိုရင်OPE နှစ်ခေါက်လောက် အင်တာဗျူး ၀င်ရပါတယ်။ ပြီးတော့ DHX ကို အင်တာဗျူးဆက်ဝင်ရတယ်။ DHX ဆိုတာက ကျန်းမားရေးကောင်းမကောင်း စစ်ဆေးတာဖြစ်တယ်၊ သွေးစစ်တယ်၊ ဓါတ်မှန်ရိုက်တယ်။ ထင်ရှားတဲ့ရောဂါလက္ခဏာ တစ်ခုခုတွေ့ရင်တော့ အနည်းဆုံး ၃ လလောက် စောင့်ရပါတယ်။ အထူးသဖြင့် TB အဆုပ်ရောဂါဝေဒနာရှင်တွင် မသွားခင် ရောဂါပျောက်ကင်းစေတဲ့ ဆေးဝါးတွင်ကို သောက်ရမှာ ဖြစ်ပါတယ်။ အများအပြားလျှောက်ကြတယ်၊ ဒါပေမယ့် အင်တာဗျူးမအောင်မြင်တဲ့သူတွေလည်း ရှိပါတယ်။ ကရင်နီဒုက္ခသည်အခြေချနေတဲ့ နိုင်ငံများမှာ ဖင်လန်၊ နယူးဇီလန်၊ ဆွီဒင်၊ နော်ဝင်း၊ သြစတြေးလျှ၊ ကာနေဒါ နဲ့ အမေရိကန်နိုင်ငံ တို့ဖြစ်ကြပါတယ်။ ကရင်နီဒုက္ခသည်အများစု သွားရောက် အခြေချတဲ့ နိုင်ငံကတော့ အမေရိကန်နိုင်ငံပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ အမေရိကသို့ သွားရောက် အခြေချကြတဲ့ ကရင်နီမိသားစုဝင်တချို့မှာ အခက်အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဓိက ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကတော့ ဘာသာစကားနဲ့ အလုပ်ကွာခြားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်ပြီးတော့ အမေရိကန်မှာ ရောက်နေတဲ့ ကျနော့်ရဲ့ မိတ်ဆွေတစ်ယောက်ကိုဆက်သွယ်မေး မြန်းခဲ့ပါတယ်။ သူက အခုလိုပြောပါတယ် ̏ ခိရယ်ဆိုတဲ့ ကရင်နီလူမျိုးတစ်ယောက်က အမေရိကမှာရောက်တာ ၃ လလောက်ပဲရှိပါသေးတယ်၊ သူ့ကိုအသားခုတ်စက်ရုံမှာ အလုပ်လုပ်ခိုင်းတယ်၊ သူက အသားခုတ်စက်ရုံမှာ ၃ ရက်ပဲ လုပ်နိုင်တယ်၊ သူဆက်ပြီး မလုပ်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူမလုပ်နိုင်ဘူး၊ တအားပင်ပန်းတယ်လို့ပြောတယ်၊ အဲတော့ သူ့အလုပ်ရှင်ကိုသွားတောင်းပန်တယ်״။ အမေရိကန်ရောက်ရင် အလုပ်လုပ်မှစားရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်လခ ဘာတို့ညာတို့ ဈေးကြီးလို့ပါ။ ဒါကြောင့်မို့လို့ အမေရိကန်ရောက်ချင်ရင် ပညာတတ်ထားမှ ပိုအဆင်ပြေမှာ ဖြစ်တယ်။ ပညာတတ်ဖို့လိုတယ် ဆိုတာက အင်္ဂလိပ်ဘာသာစကားကို အခြေခံလောက် ပြောတတ်ဆိုတတ်မယ်ဆိုရင် နည်းနည်းလေးတော့ အဆင်ပြေမှာပေါ့။ ဘယ်နိုင်ငံကိုပဲရောက်ရောက်..သိဖို့က”nothing is free in the world”. ပါပဲ။

0 Comments: