တတိယနိုင်ငံကိစ္ဓကြောင့် ဒုက္ခသည်လူငယ်အချို့ စိတ်ကသိကအောက်ဖြစ်

ကရင်နီဒုက္ခသည်များ ဘ၀ဖူလုံရေးအတွက် တတိယနိုင်ငံသို့ ပြောင့်ရွေ့ အခြေချနေထိုင်ရန် ၂၀၀၆ - ၀၇ ခုနစ်တွင် UNHCR မှ စတင်ခေါ်ယူခဲ့သည်။ တတိယနိုင်ငံသို့ ပြောင်ရွေ့အခြေချမှုကိစ္ဓနှင့် ပတ်သက်၍ စိတ်ပါ ၀င်စားသူများရှိသလို စိတ်မ၀င်စားသူများလည်း အများအပြားရှိခဲ့သည်။ ၎င်း တတိယနိုင်ငံကိစ္ဓကြောင့် ကျောင်းသူ/ သား အတော်များများ စိတ်လေလွင့်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် တစ်ချို့လူငယ်များ၏ အတွေးသည် တတိယနိုင်ငံသို့ ရောက်ရှိခဲ့သော် "ငါ့၏ပညာသည် အဘယ်မှာ သုံးမည်နည်း" " တစ်က တစ်ဖန်ပြန်စမလား" ငါ့ဘ၀ ဘယ်လိုဖြစ်သွားမလဲ " စသည်ဖြင့် negative အမြင်များ တွေးကြသည်။ ကျောင်းသူ/ သားများ၏ ရည်မှန်းချက်ကို ထိခိုက်စေပြီး တစ်ချို့မှာမူ စာစိတ်ပါဝင်စားမှုနှုန်းလည်း နည်းပါးလားသည်ကို တွေ့ရသည်။
တစ်နစ်ထက်တစ်နစ် ကျောင်းထွက်မှုနှုန်း များပြားလာသည်ကိုလည်း တွေ့ရသည်။ ဒီကနေ့ စခန်းအတွင်း၌ နေ့စဉ်ကြုံတွေ့နေရသော လူငယ်များ၏ ပြဿနာသည် စိတ်ဖိစီးမှုများကြောင့် (relevant to the refugee situations) အရက်၊ ဆေးလိပ်များ သောက်သုံး လာကြသည်ကို တွေ့ရသည်။ တစ်ချို့သောလူငယ်များသည် မိသားစု၏ စားဝတ်နေ ရေးအခက်အခဲ့ကြောင့် ကျောင်းထွက်ကြပြီး စခန်းပြည်ပသို့ အလုပ်သွားရှာကြသည်ကိုလည်း ရှိသည်။ ထိုသို့ပြဿနာ မှုများရှိသည့်အတွက် တတိယနိုင်ငံသို့ ပြောင်းရွေ့အခြေချနေထိုင်ရန် တစ်ချို့မိသားစုအတွင်း သဘောထားကွဲ့လွဲမှုများ ရှိကြသည်။ *** you have to make sure a decision and think carefully before you go***

0 Comments: