Friday, January 13, 2012

ဇတ်ပေါင်းခန်းနဲ့ ဆုံးလိုက်ချင်ပေမယ့်

အကောင့်များစွာဖွင့်ပြီး

နေရာအနှံ့

၁၅၀၀ လွင့်နေတဲ့ ကောင်မလေးရေ၊

နင့်အလိုဆန္ဒ ရှေ့နောက်မညီသရွှေ့

ငါ့ကတိတွေလည်း ရှေ့နောက်ညီမှာ မဟုတ်ဘူး။

ငါ့ဘ၀လေငယ်မှာ ရွက်တပ်ဖို့

မ၀ံ့မရဲ စောင့်နေရတဲ့ သူပါ။

ညပေါင်းတစ်သောင်းကျော် စောင့်တာတောင်

ငါမျှော်နေတဲ့ လမင်းက

အခုထိ မသာသေးဘူး။

ခြေလှမ်းတလှမ်း လှမ်းလိုက်တိုင်း

အထီးကျန်မှုတွေက

ငါ့နောက် တကောက်ကောက်လိုက်နေတယ်။

ဘ၀လို့ သိလိုက်ရတဲ့အချိန်မှာ

အသက်တ၀က်ကျော် ချိုးသွားပြီ။

No comments:

Post a Comment