Wednesday, January 28, 2009

သံလွင်အရှေဘက်ခြမ်းတွင် သစ်ထုတ်လုပ်ရနှ် SPDC နှင့် အပစ်ခတ်ရပ် KNPLF ကြိုးပမ်းနေ

ကရင်နီ (ကယား)ပြည်နယ်အတွင်း စစ်အစိုးရ နှင့် အပစ်ခတ်ရပ် ယူထားသော အဖွဲအစည်းတစ်ဖွဲဖြစ်သည့် ကရင်နီ ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြှောက်ရေးတပ် ( KNPLF ) ခေါ် ယင်းအဖွဲအစည်းသည် စစ်အစိုးရ နှင့် ပူးပေါင်းပြီး ကရင်နီပြည်အရှေ့ဘက်ခြမ်းမှ ထွက်ရှိသော သစ်မာ(ကျွန်း၊ ပစ်ကတုန်း) စသည်ဖြင့်သစ်များကို ထုတ်ပြီး အိမ်နီးချင်းဖြစ်သည့် ထိုင်းကို တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းကြားသိရပါသည်။ ၄င်းသစ်များ တင်ပို့ ရောင်းချနိုင်ရန် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တိုင်ပင် ဆွေးနွေးပြီး ဖြစ်သည်။ သို့သော် (KNPP)ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ခွင့်ပြုချက်မရရှိပဲ..သစ်များကို တင်ပို့ရောင်းချပါက မတရားသော နည်းလမ်းများဖြင့် တင်ပို့ရောင်းချနိုင်သည်ဟု KNPP အကြီးအကဲများက သုံးသပ်ပြောဆိုသွား ပါသည်။ ၎င်းသစ်များတင်ပို့ရောင်းချနိုင်ရန် သံလွင်အရှေ့ဘက်ခြမ်းဒေသတစ်လျှောက်၌ truck ကားကြီးများ စတင်ရောက်ရှိနေပြီဖြစ်သကဲ့သို့ သစ်များကိုလည်း အလုံးလိုက် အပုံလိုက် စတင်ခုတ်လှဲနေပြီဟု ကရင်နီ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲများက ထုတ်ဖော်ပြောဆိုသွား ပါသည်

No comments:

Post a Comment