Thursday, September 18, 2008

ကရင်နီအမှတ် (၁) စခန်းမှာ UNHCR လူစာရင်းစစ်ဆေးနေ

ယမန်နေ့က ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းကို တာဝန်ရှိသူ UNHCR နှင့် ဒေသအာဏာ ပိုင်များတို့ပူး ပေါင်းပြီး တစ်အိမ်တက်တစ်အိမ်ဆင်း လူအမည်စာရင်းကို စတင်စစ်ဆေးနေကြောင်း သတင်းကြားသိရပါ သည်။ အဆိုပါ လူစာရင်းစစ်ဆေးမှုကိစ္စနှင့် ပါတ်သက်၍ သတင်းများစုံစမ်းမေး မြန်းကြည့်ရာမှာ စစ်ဆေးခံ အိမ်ထောင်သည် တစ်ဦးက “ အဓိက စစ်ဆေးတာကတော့ မိသားစုထဲမှာ လူစုံမစုံ စစ်ဆေးတယ်၊ ပြီးတော့ UN ကဒ်ပြား ကိုင်ဆောင်ထားသူတွေကို အကယ်၍ အိမ်မှာမရှိ စခန်းထဲမှာလည်း မရှိဘူးဆိုရင် UN ကဒ်ကို ရုတ်သိမ်းတယ်. ရိတ်ခံလည်းမပေးတော့ဘူး“ ဟု ရှင်းလင်းပြောကြားသွားပါသည်၊ ယခုလို လူစာရင်း စစ်ဆေးရခြင်း၏ ရည်ရွယ်ချက်မှာ စခန်းပြင်ပသို့ အလုပ်သွားရှာနေသူ များကို စခန်းထဲသို့ပြန်လာရန်နှင့် လူဦးရေ စာရင်းအတိအကျသိရှိနိုင်ရန် ပြုလုပ်နိုင်ကြောင်း သုံးသပ်မိပါသည်။ တစ်ဖက်မှာလည်း တတိယနိုင်ငံသို့ ပြောင်းရွင့်လိုသူများကို interview ခေါ်ယူနေချိန်လည်းဖြစ်ပြီး၊ စာရင်းကို ရှင်းလိုသည့်အနေဖြင့် ပြုလုပ်နိုင် ကြောင်း စခန်းပြည်သူများက ဝေဖန်သုံးသပ်ကြပါသည်၊၊…

No comments:

Post a Comment